Sunday, September 30, 2012

random မာဂျယ်ကိုသုံးပြီး toto ဂဏန်း ရှာခြင်း

# - Released under the GPL Gnu Public License
#-*- coding: utf-8 -*-

import random
import time

def displayIntro():
    print'Hello Buddy!'
    print'What is your name'
    name = raw_input('Enter Name: ')
    print 'Hello! ' +name+' How are you? '
    print''
    print''
    print name+' This Is Your Lucky Number'
    time.sleep(2)

def luckyNum():
    toto=random.randint(0000,9999)
    toto1=random.randint(0000,9999)
    toto2=random.randint(0000,9999)
    print '%04.f'%toto,'%04.f' %toto1,'%04.f' %toto2
    print''
    time.sleep(2)

playAgain = 'yes'
while playAgain == 'yes' or playAgain == 'y':

    displayIntro()
    luckyNum()

    print'Do you want another lucky number again?(yes or no)'
    playAgain = raw_input()

python ဖြင့် မိန်းကလေး အသက်ပုဒ်စာ ဖြေရှင်းခြင်း

forcuslist=[]

for x in range(1, 73):
    for y in range(1, 73):
        for z in range(1, 73):
            if x*y*z==72 and x+y+z==14:
                tem=[x,y,z]
                forcuslist.append(tem)
print (forcuslist)

Friday, September 28, 2012

အခြား အသွင်တူပြဿနာများ ၂

ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးနှင့် ကျောင်းစောင့်ကပ်ပီယ တစ်ဦးသည် လမ်းလျောက်ရင်း စကားပြောနေကြသည်။ သူတို့သည် လူသုံးရောက် လာနေသည်ကိုမြင်သည်။ ကပ်ပီယကြီးက ‘‘သူတို့အသက် ဘယ်လောက်တွေရှိကြမလဲ’’ ဟုမေးသည်။  ထိုအခါ ဘုန်းတော်ကြီးပြန်ဖြေသည်မှာ ‘‘ သူတို့ အသက်များ မြှောက်ရင် ၂၄၅၀ ရတယ်။ သူတို့ အသက်တွေ ပေါင်းလိုက်ရင် မင်း အသက်နှစ်ဆ နဲ့သွားညီတယ်။’’ ကပ်ပီယကြီးက  ခဏစဉ်းစားပြီး ပြန်ပြောသည် ‘‘အချက်အလက် ဒီထက်ပိုပြီး လိုမယ်ထင်တယ်’’။ ဘုန်းတော်ကြီးက ‘‘ မှန်တာပေါ့လို့ အံ့ဩတဲ့ အမူအရာနဲ့ သူတို့ထဲက တစ်ဦးတစ်ယောက်မှ ငါ့ထက် အသက်မကြီးဖူးကွ’’ ဟုပြောလိုက်သည်။ ကပ်ပီယကြီးက သူတို့ အသက်တွေကို ပြောလိုက်နိုင်တယ်။ ကိုင်း အဲဒီလူတွေရဲ့ အသက်တွေက ဘယ်လောက်တွေလဲ။

အခြား အသွင်တူပြဿနာများ ၂ အဖြေဆွေးနွေးချက်

ယခုပြဿနာကို ဖြေရှင်းရသည် မှာ ပြီးခဲ့သော အခန်းမှ ပြဿနာဖြင့် ဆင်တူသည်။  ပထမ ကိန်း ၃ လုံး မြှောက်လဒ်သည် ၂၄၅၀ ဖြစ်သည်။ ထိုကိန်းလုံးတို့ ပေါင်းရမည်။ ၆၄ ရသည့် ကိန်းလုံးများမှာ (50, 7, 7) နှင့် (10,49,5) တို့ဖြစ်သည်။ ကပ်ပီယကြီး ‘‘သူတို့ထဲက တစ်ဦးတစ်ယောက်မှ ငါ့ထက် အသက်မကြီးဖူးကွ’’ ဆိုတဲ့စကားကြောင့် ပြဿနာကို အဖြေရှာနိုင်တာပါ။ ဘုန်းတော်ကြီးသည် အသက် ၅၀ ဖြစ်ရမည်ဖြစ်ပြီး လူသုံးယောက် အသက်သည် (10,49,5) ဖြစ်မည်။ ဘုန်းတော်ကြီးသည် အသက် ၅၁ ထက်ကျော်နေရင်လည်း အဖြေသည် မှန်နေဆဲပါဘဲ။

အခြား အသွင်တူပြဿနာများ ၁

အဖေသည် သားကို ထိုပြဿနာကို ပြောပြရတွင်

ငါမှ သေတ္တာ ၃ လုံးရှိတယ်၊ သေတ္တာ တစ်လုံးစီတွင် ငွေထုတ်လက်မှတ်ရှိသည်။ သေတ္တသုံးလုံး အတွင်းရှိ ငွေလက်မှတ်တန်ဖိုးစုစုပေါင်း ပမာဏကို ခန့်မှန်းပါ။ ခန့်မှန်းရလျင် ငွေအားလုံးသည် သင်ငွေဖြစ်မည်။ မင်းကို သဲလွန်စ ၃ ခုပေးမည်။

ပမာဏ သုံးခု၏ မြှောက်လဒ်သည် ၆၃၀၀ ဖြစ်သည်။

သေတ္တာ နှစ်လုံးတွင်းရှိ လက်မှတ်၏ ပမာဏသည် တူညီသည်။

စုစုပေါင်း တန်ဖိုး၏ ဂဏန်းလုံးများ ပေါင်းခြင်းသည် သင်၏ တစ်ဦးတည်းသော ညီ၏ အသက်နှင့်တူသည်။

သင့်ကို ‘ဟုတ်တယ်’ ‘မဟုတ်ဘူး’ သာဖြေရမည့် မေးခွန်းတစ်ခု မေဖို့ ခွင့်ပြုသည်။မင်း အဖြေမှန်သာ ရွေးနိုင်လျင် စုစုပေါင်းတန်ဖိုး အတွက် သံသယ မရှိနိုင်ပါ။

ထိုအခါ သားဖြစ်သူက မေးသည် ‘‘ကျွန်တော့်အစ်ကို အသက်နှစ်ဖြင့် ငယ်သောတန်ဖိုးရှိသော သေတ္တာ ပါသလား’’ ။ အဖေလုပ်သူသည် မဟုတ်ဘူး ဟုဖြေသည်။

ထိုအခါ သားလုပ်သူသည် အဖြေမှန် ပမာဏကို ဆုံးဖြတ်နိုင်သည်။  သေတ္တာသုံးလုံး အတွင်းရှိ ငွေစုစုပေါင်းပမာဏ ကိုဖြေပါ။

အခြား အသွင်တူပြဿနာများ ၁ အဖြေဆွေးနွေးချက်

သေတ္တာ နှစ်ခုတွင် တူညီသော ပမာဏ ရှိသည်ဟုသိထားသည်။ မြှောက်လဒ် ၆၃၀၀ ရပြီး ကိန်းသုံးလုံး (နှစ်လုံးသည် တူ၏) စုံတွဲများဆွဲ ထုတ်သော်

(3,3,700) (5,5,252)  (15,15,28)  (2,2,1575)  (6,6,175)  (10,10,63)  (30,30,7)

ကိန်းသုံးလုံးပေါင်းတန်ဖိုးများမှာ 706, 262, 58, 1578, 187, 83, 67

၎င်းကိန်းတို့မှ ၇၀၆ ၅၈ ၆၇ တို့သည် ကိန်းလုံးများပေါင်းလဒ်သည် ၁၃ ဖြစ်သည်။ ညီ၏ အသက် ၁၃ ဖြစ်သောကြောင့်ဖြစ်သည်။ ဤတွင် ၁၃ ထက်မငယ်သော တန်ဖိုးကို ရှာသောအခါ (15,15,28)  သာဖြစ်နိုင်သည်။ ထို့ကြောင့် စုစုပေါင်း ပမာဏသည် ၅၈ဖြစ်သည်။

အဖြေသည် အချိုပွဲတွင် ရှိသည်

ညစာ စားပွဲ  အခမ်းအနား တစ်ခုတွင် အိမ်ရှင်သည် ဧည့်သည် ဘက်သို့ လှဲ့၍ပြောနေသည်။ “ ငါမှာ သမီး သုံးယောက်ရှိတယ်၊ သူတို့ အသက်ကို ငါပြောမယ်။ သူတို့တွေ သုံးယောက်လုံး၏ အသက်တွေ မြှောက်လဒ်သည် ၇၂ ။ အားလုံးပေါင်းလိုက်ရင်တော့ ငါတို့အိမ် အမှတ်နဲ့ သွားညီးတယ်၊ ကဲ တစ်ယောက်ချင်းစီရဲ့ အသက် ဘယ်လောက်လဲ။

ဧည့်သည် သည် တံခါးပေါက်ကို ချက်ချင်း သွားပြီး အိမ် အမှတ်ကို ကြည့်သည်။ ပြီနောက် “ အချက်အလက် နည်းနည်းတော့ လိုလိမ့်ဦးမယ် “ လို့ ပြောလိုက်သည်။ အိမ်ရှင်က “အကြီးဆုံး သည် စတော်ဘယ်ရီ ပေါင်မုန့်နှင့်တူတယ်” လို့ထပ်ဖြည့် ပြောလိုက်သည်။ ဤတွင် ဧည့်သည် မိန်းကလေး သုံးယောက်၏ အသက်ကို ကြေငြာလိုက်သည်။

သမီးသုံးယောက်၏ အသက်များသည် ဘယ်လောက်နည်း? (အသက်တို့သည် ကိန်းပြည့်များ ဖြစ်သည်။ သူတို့သည် အမွှာများလည်း ဖြစ်နိုင်သည်။) သင့် အဖြေကို ရှင်ပြပါဦး။



ပြဿနာကို ဆွေးနွေးခြင်း

ဤပြဿနာတွင် အချက်သုံးချက် ကိုပြသည်။

သမီးသုံးယောက်၏ အသက်တို့ မြှောက်လဒ်သည် ၇၂ ဖြစ်သည်။

သမီးသုံးယောက်၏ အသက်တို့ ပေါင်းခြင်းသည် အိမ် အမှတ်နှင့်တူသည်။

သဲလွန်စ (၁) နှင့် (၂) တို့သည် မိန်းကလေးသုံးယောက်၏ အသက်ကို ကောက်ချက်ချရန် အချက်အလက် မပြည့်စုံသေပေ။ တတိယ သဲလွန်စ သည် အကြီးဆုံး မိန်းကလေး အသက်သည် စတော်ဘယ်ရီ ပေါင်မုန့်နှင့်တူသည် ဆိုသည့် အချက်ဖြစ်သည်။

သဲလွန်စ ၁ အရ ၇၂ ၏ ကိန်းပြည့် သုံးလုံးပါသော မြှောက်လဒ် ကိန်းစဉ်တန်း တို့ကို ရှာလိုက်လျင်

(1,1,72)  (1,2,36)  (1,3,24)  (1,4,18)  (1,6,12)  (1,8,9)  (2,2,18)  (2,3,12)  (2,4,9)  (2,6,6)  (3,4,6)  (3,3,8)

သဲလွန်စ ၂ အရ ကိန်စဉ်တန်းတွဲများ ၏ပေါင်းလိုက်လဒ်ကို ရှာရမည်။ 74, 39, 28, 23, 19, 18, 22, 17, 15, 14 , 13, 14 ဧည့်သည် သိထားသော အိမ်နံပါတ်သည် မိန်းကလေးသုံးယောက်၏ အသက်ကို အတိအကျ မသိနိုင်ပါ။ အိမ်နံပါတ် သည် ၁၄ ဖြစ်ပြီး ၎င်းနံပါတ်ရသည့်ကိန်းသည် နှစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်။ သဲလွန်စ ၃ တွင် အကြီးဆုံးဆိုသော စကားသည် (2,6,6) မဖြစ်နိုင်တော့ပေ။ (3,3,8)  သာဖြစ်နိုင်တော့သည်။