Tuesday, January 22, 2019

ဒါလား ပြဿနာ

၁။ သင် မိန်ကလေးတစ်ယောက် ရှာမည်ဆိုလျှင် အချိန် နှင့် ငွေ လိုမည်။
ထိုကြောင့်
မိန်ကလေး = အချိန် x ငွေ

၂။ “အချိန်သည်ငွေဖြစ်သည်။” (Time is money)
အချိန် = ငွေ

၃။ ဒါကြောင့်
မိန်ကလေး = ငွေ x ငွေ

= (ငွေ)
၎။ ငွေသည် ပြဿနာ အားလုံး၏ အရင်းအမြစ် ဖြစ်သည်။
ငွေ =√ ပြဿနာ

၅။ ထိုအခါ

မိန်ကလေး=( ပြဿနာ)

မိန်ကလေး= ပြနာ

သင့်အခန်းအတွင်းမှာ


Friends18.com Orkut MySpace Hi5 Scrap Images
Friends18.com Picture Comments

Monday, January 21, 2019

9 persons for delete

ဆွေးနွေးညှိနိုင်း သင်ကြားပေးလို့မှမရရင်ဘာဆက်လုပ်ကြမလဲ။
ဆက်ထားနှာလား မြန်မြန် ရှင်းထုတ်သင့်လား။
သူတို့တွေကြောင့် အခြားသူတွေကို ကူးလာမလား။ အလုပ်ခွင်မှာ ဒုက္ခပေးမယ့် ဝန်ထမ်းတွေမှာတွေ့ရတတ်တဲ့ အမူအကျင့်တွေကို အောက်မှာ ဆွေးနွေးထားပါတယ်။🥵
1.စောဒကအမြဲတက်သူ� 🥵
ဘယ်လောက်ကောင်းတာ လုပ်ပေးလုပ်ပေး အလိုမပြည့် မကျေနပ်နိုင်ဘဲ အမြဲ စောဒက တက်တတ် သူတွေ။
2.အကြောင်းပြတတ်သူ �🥵
မိမိအလုပ်ပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ဘယ် တော့မှုမရှိဘဲ ဆင်ခြေဆင်လက် ဆင်နားရွက် နဲ့ အကြောင်းမျိုးစုံပြသူတွေ။
3.စိတ်ဝင်စားမှုနည်းလွန်သူ 🥵
လုပ်စရာကိုင်စရာကိစ္စဝိစ္စ အသစ်တွေ ပရောဂျက် အသစ်တွေများပေါ်လာလို့ကတော့ သူတို့ ကစိတ်ဝင်းစားမှု မရှိ ကိုယ်နဲ့မဆိုင်သလိုနေတတ် သူတွေ။မုန့်ဝေရင်ရချင်၊ တုတ်ဝေရင်ပြေးမယ့်သူတွေပါ။
4.ကိုယ့်ဖို့ ဘဲကြည့်သူ �🥵
သူတို့ ပါးစပ်က အမြဲပြောလေ့ရှိတာက "ကျနော့်နဲ့ မဆိုင်ဘူး" "ကျနော့်အလုပ်မဟုတ်ဘူး" ဆိုတာမျိုး တွေ။ ဒီထက်ပိုပြီးလည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မပါဝင်မလုပ်ကြသူတွေ။
5.အတင်းအဖြင်းသမား�🥵
အတင်းပြောဝါသနာများသူ။
ဟိုစကားဒီသယ် ဒီစကားဟိုပို့ လုပ်ကြသူတွေပေါ့။ သူတို့ကြောင့်အဖွဲ့အစည်းရဲ့ စိတ်ဓါတ်တွေပျက် ပြီး ဗိုင်းရပ်စ် ကိုက်ခံရသလို ဖြစ်ကုန်ကြရော။
6.လိမ်ညာတတ်သူ� 🥵
အများတွေဝေအောင် လိမ်ညာ ဇာတ်လမ်းတွေစဉ်ပြီး ဖွတတ်သူတွေပါ။ အဖွဲ့အစည်းအတွက်အန္တရာယ် အလွန်များသူတွေ ပါ။
7.အကုန်သိသူ🥵
ပါလေရာငပိချက်�အရာရာ ကိုယ်သိ ကိုယ်တတ် ဆရာကြီးစတိုင်ဖမ်း တတ်သူတွေပေါ့။ အရေးအကြောင်းဆိုရင်တော့ဘာ မှသုံးစားမရသူတွေ။
8.တစ်ယောက်တည်းသမား� 🥵
တချို့ကျတော့ ဘယ်သူနဲ့မှ တွဲမလုပ်တတ်၊ မတည့်ဘဲ တယောက်တည်းအလုပ်လုပ်တတ်သူတွေပါ။
ဘယ်လောက်တော်တော် အဖွဲ့အစည်းနဲ့မလုပ်တတ် ရင်လည်း အလုပ်မဖြစ်ပါဘူး။
9.တာဝန်မဲ့သူ� 🥵
အလုပ်ချိန်နောက်ကျတယ်။ သတ်မှတ်ထားတဲ့ အချိန်မှာအလုပ်တွေမပြီးဘူး။
ဒါ့အပြင် ကတိလည်းမတည်ဘဲ လုပ်ချင်ရာလုပ်နေသူတွေ။
10. ခိုင်းမှလုပ်တတ်ကြသူတွေ 🥵
ဘယ်တော့မှ ကိုယ့် အသိစိတ်ဓါတ်နဲ့ကိုယ် အလုပ်တခကို စ မလုပ်တတ်ကြသူတွေပါ။ ခိုင်းမှ မတတ်သာလို့ လုပ်တဲ့အကျင့်ရှိသူတွေ။
11.လေ့လာမှုမရှိသူ �🥵
အကြောင်းအရာ အသစ် ပညာရပ်အသစ် တွေ့တာ တောင်မှ ကိုယ်နဲ့မဆိုင် စိတ်ဝင်တစား မေးမြန်း သင်ယူ တတ်မှု မရှိကြသူတွေပေါ့။ လမ်းဟောင်းမှာနေချင်သူတွေပါ။
12.တိုးတက်မှုမရှိသူ 🥵
ကိုယ့်ကိုယ်ကို တိုးတတ်လာအောင်ကြိုးစား မြုပ်နှံမှုမရှိ တော့ အလုပ်စဝင်တည်းကအတိုင်း မပြောင်းလဲဘဲ ရပ်နေကြသူတွေပေါ့။အနှစ် ၂၀ လောက်လုပ်သက်ရှိလဲ စဝင်ကတည်းကအရည်အချင်းနဲ့ဘဲရှိနေသူတွေပါ။
13.ကြီးပွားလမ်းမသိသူ 🥵
တော်တဲ့ဝန်ထမ်းတွေကတော့ ကိုယ့်ရာထူး လစာတိုးအောင် ဘယ်လိုကြိုးစားရမယ်ဆိုတဲ့လမ်းကြောင်းမှန်ကို သိကြသော်လည်း သူတို့က တော့ လမ်းကြောင်းလွဲ ချော်နေတတ်သူတွေပါ။ဥာဏ်နည်းထုံအသူမျိုးပါ။
14.အကျင့်မပြောင်းနိုင်သူ 🥵
�ရောမ ရောက်ရင် ရောမလို ကျင့်ရပါမယ်။ ကိုယ့်ကုမ္ပဏီ ရဲ့ ကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံ တွေ မလိုက်နာတဲ့ မည်သည့်ဝန်ထမ်းမဆို လမ်းခွဲလိုက်ပါ။သူတို့ကြောင့် ကိုယ့်အဖွဲ့အစည်းရဲ့ ရလာဒ်တွေ လျော့ကျ လာပါလိမ့်မယ်။

စဉ်းစားနည်း

ဒါကြီးကအဖြောင့်ကြီးပါဆိုပြီး အဖြောင့်အတိုင်း စဉ်းစားလို့ တခါတရံမှာ အဆင်မပြေတက်ဘူး။



သူကျင်လည်ရာ လမ်းကြောင်း (၀ါ)ပတ်ဝန်းကျင်ကိုပါ ထည့်စဉ်းစားမှ အဆင်ပြေလိမ့်မယ် !!!!

ဘွဲ့ရတော့ဘာလုပ်ရမလဲ

"ဒေါ်အောင်ဆန်းစုကြည်ပြောသော
#ဘွဲ့ရတော့ဘာလုပ်ရမလဲ"
မေး........ဖခင်တစ်ဦးတဲ့။
ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။
ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာဘာဘွဲ့တွေ ရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့။ (လက်ခုပ်သံများ)
ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။ ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။
(ရယ်လျှက်)

စု
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတဲ့ အဖြေက အခု အခြေအနေမှာဆိုရင်တော့
ဘာအလုပ်မှ ရမှာမဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူး
ဆိုတာတော့ မမှန်ပါဘူး။
အခု ဘွဲ့ရတွေအတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်း
တန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။
ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး။
ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။ ပညာရှိတာဟာ ပညာရှိတာပါ။ အဲ့ဒီတော့ စာကြိုးစားပါလို့
ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်း
ရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မကိုယ်တိုင် ကြားဖူးတာပါ။
တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှ
အလုပ် ကောင်းကောင်းရမယ်။ အလုပ် ကော်ငးကောင်း ရမှ ပိုက်ဆံ ကောင်းကောင်း ရမယ် ဆိုပြီးတော့ အဲဒီလို ပြောတာတွေ ကျွန်မတို့ ကြားကြတယ်။ ဒီဟာ ဟာ မှန်ကန်တဲ့နည်းနဲ့ ကလေးတွေကို ပညာ ရှာချင်အောင် လုပ်တာ မဟုတ်ဘူးလို့ ကျွန်မ ယူဆပါတယ်။
ပြီးတော့ ဘာဖြစ်လို့ စာကြိုးစားစေချင်လဲ ဆိုတော့ ဒါ ပညာရစေချင်လို့ပဲ။
နောက်ပြီးတော့ ဝီရိယ မွေးစေချင်လို့ပဲ။ စာကြိုးစားတယ် ဆိုတာ ဒါ ဝီရိယမွေးတာပဲ။
ကိုယ် လုပ်ရမယ့် အလုပ်ကိုဝီရိယရှိရှိနဲ့ လုပ်တတ်အောင်လို့ သင်ပေးတာပေါ့။
အဲဒီလို စိတ်ဓါတ်တွေနဲ့ စာကြိုးစားဖို့ မိဘတွေက သင်ပေးပါ။
စာကြိုးစားမှ အလုပ်ရမယ်။
အလုပ်ရမှ ပိုက်ဆံရမယ်။
ဒီလို စိတ်ဓါတ်တွေ ကလေးတွေကို မသွင်းပေးစေချင်ဘူး။
ဒီတော့ ပညာရှာပါ။ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲလို့ တချို့က မေးတယ်။
ဒီတော့ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲ ဆိုတာ ကျွန်မလည်း
တစ်ခါတလေ ကလေးတွေက မေးတော့ စဉ်းစားကြည့်ပါတယ်။
ခုနက ပြောတယ်။ ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲ။ ဒါတော့ မပြောနိုင်ဘူး။
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတာတော့ ကျွန်မ မပြောနိုင်ဘူး။
ဒါပေမဲ့ ပညာရှိများကတော့ ဘယ်လို အကျိုးခံစားနိုင်သလဲ။
ကျွန်မ လောကီကိစ္စတွေ ပြောနေတာပေါ့နော်။ လောကုတ္တရာကိစ္စကိုတော့
ရဟန်းသံဃာများက ပြောရမှာပါ။ ပညာရှိလို့ရှိရင် ဘယ်လို အကျိုးခံစားရမလဲဆိုတော့
ပညာရှိခြင်းအားဖြင့် အလုပ်ကောင်းကောင်း ရရင်လည်း ရမယ်။
မရရင်လည်း မရဘူး။ ပညာရှိခြင်းအားဖြင့် ဒုက္ခဆင်းရဲ တွေ့ရင်လည်း တွေ့မယ်။
မတွေ့ရင်လည်း မတွေ့ဘူး။ ဒါတော့ ကျွန်မတို့ မပြောနိုင်ဘူး။
အနိစ္စတရားကို ကျွန်မတို့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး။
လောကဓံတရားရှစ်ပါးကို ကျွန်မတို့ ဘယ်လိုမှ မကျော်လွှားနိုင်ဘူး။
ဆင်းရဲတဲ့အခါ ဆင်းရဲမယ်။ ချမ်းသာတဲ့အခါ ချမ်းသာမယ်။
ဒါပေမဲ့ ပညာရှိတဲ့ လူဟာ ဆင်းရဲဒဏ်ရော၊ ချမ်းသာတဲ့ ဒဏ်ရော
နှစ်ခုစလုံးကို ကြံ့ကြံ့ခံနိုင်တယ်။ ဒါကြောင့်မို့ ပညာကို ရှာပါလို့ ပြောတာပါ။
ဆင်းရဲဒဏ် ခံနိုင်တယ်လို့ ပြောတာဟာ ပညာရှိများဟာ ဆင်းရဲနေသည်ဖြစ်စေ၊
ထောင်ထဲမှာ ရောက်နေသည် ဖြစ်စေ
ကြံ့ကြံ့ခံနိုင်တယ်။ ဘာဖြစ်လို့လဲ တရားရှိတယ်။
(လက်ခုပ်သံများ)
ဘယ်လို ဒုက္ခပဲ ဖြစ်ဖြစ် ခံနိုင်တာဟာ ပညာရှိများရဲ့ အရည်အချင်းပဲ။
နောက်ပြီးတော့ ချမ်းသာဒဏ် ခံနိုင်တယ်။ ချမ်းသာဒဏ် ခံနိုင်တယ်ဆိုတာက
ဘာကို ပြောတာလဲ ဆိုတော့ လာဘ်ပေး လာဘ်ယူကို လုပ်ချင်တဲ့ စိတ်မရှိဘူး။
ပညာရှိဆိုရင်၊ တကယ့်ပညာရှိဆိုရင် ကိုယ်အခွင့်အရေး ရလာတဲ့အခါကျရင်
ဒီအခွင့်အရေးကို အလွဲသုံးစားမလုပ်ချင်ဘူး။
အဲဒါဟာ ချမ်းသာဒဏ် ခံနိုင်တယ် ဆိုတာကို ပြောတာပါ။
တချို့ဟာ ဆင်းရဲဒဏ်ခံနိုင်ပါတယ်။ ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ် ခံနိုင်တယ်။
ဘယ်လိုပဲ ရိုက်ရိုက် ဆော်ဆော် ခြိမ်းခြောက် ခြိမ်းခြောက် ခံနိုင်တယ်။ မဖြုံဘူး။
ဒါပေမဲ့ ပစ္စည်းနဲ့၊ ပိုက်ဆံနဲ့၊ ရာထူးလေးနဲ့ နေရာလေး မျှားလိုက်တဲ့ အခါကျတော့
ပါသွားရော။
အဲဒါဟာ ချမ်းသာဒဏ် မခံနိုင်ဘူး ဆိုတာ ကျွန်မ ဒါကို ပြောတာပါ။
တချို့ကျတော့လည်း ဒါ ကျွန်မပွင့်ပွင့်လင်းလင်း ပြောတာနော်။
ကျွန်မတို့ ဒီမိုကရေစီ ရရော၊ ရလို့ရှိရင် ဒုက္ခခံတုန်းကတော့ ရဲရဲကြီး ရဲရဲဝံ့ဝံ့
ဒုက္ခခံပြီးတော့ ရာထူးနဲ့၊ နေရာနဲ့ ရသွားမှ အကျင့်စာရိတ္တပျက်သွားမယ့် လူတွေ ရှိမှာပဲ။
အဲဒါလည်း ချမ်းသာဒဏ် မခံနိုင်တာပဲ။ အဲ့ဒါကြေင့် ကျွန်မတို့ဟာ
ဆင်းရဲဒဏ် ခံနိုင်အောင် ပညာရှာရမယ်။ ပညာ နားလည်တဲ့လူ၊ ပညာရှိတဲ့လူ၊
ပညာလိုလားတဲ့လူ ဆိုတာက ဆင်းရဲဒဏ် ခံနိုင်တယ်။
သြော်… ဒါ ဆင်းရဲဒဏ်ခံတယ်ဆိုတာ အနိစ္စသဘောပဲ။
ငါ ဆင်းရဲလို့၊ ငါ့ ဖိနှိပ်လို့၊ ငါ့ကို ပင်ပန်းအောင် လုပ်လို့ ငါ မလုပ်သင့်၊
မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ငါ့အတွက်အများကြီး အကျိုးနည်းမယ် ဆိုတာ
သူ့ရဲ့ ပညာဥာဏ်အရ နားလည်တယ်။ ဒီလိုပဲ ချမ်းသာသွားတဲ့ အခါ
ငါ ချမ်းသာလို့ ငါ လုပ်ချင်တိုင်း လုပ်မယ်ဆိုရင် ငါ့အတွက် အကျိုးနည်းမယ်။
ငါ့ရဲ့အသိုင်းအဝိုင်းအတွက်လည်း အကျိုးနည်းမယ် ဆိုတာ သိတဲ့အတွက် မလုပ်ဘူး။
အဲဒါကြောင့်မို့လို့ ကလေးတွေကို စာကြိုးစားပါလို့ ပြောတဲ့ အခါ ကျလို့ရှိရင်
ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲလို့ ပြန်မေးတဲ့အခါ ဘွဲ့ရဖို့၊ မရဖို့ ပြောနေတာ မဟုတ်ဘူး။ ဘွဲ့ရပြီးတဲ့ အခါကျရင် အလုပ်ရမယ်၊ မရမယ်ပြောနေတာ မဟုတ်ဘူး။
ပညာရှိခြင်းအားဖြင့် ဒီဘဝမှာရော၊ နောင်ဘဝတွေရော ကိုယ် နေထိုင်ရမယ့်
ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ပညာရှာပါလို့ ပြောတာလို့
တိုက်တွန်းစေချင်ပါတယ်။
အဲဒီလို ကိစ္စနဲ့ ပညာရှာမယ် ဆိုရင်တော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့
မတူအောင်လို့ကို တိုးတက်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေရလို့ ချမ်းသာနေတာလဲ မေးတော့၊
အခု ချမ်းသာနေတဲ့ လူတွေကို ပြည်သူလူထုက ဘယ်လိုမြင်သလဲဆိုတာ
ကျွန်မ ပြန်ပြီးတော့ မေးလိုက်ချင်တယ်။ ပြည်သူလူထုက အခု ချမ်းသာနေတဲ့
လူတွေကို အထင်ကြီးသလား၊ ပိုက်ဆံကိုပဲ အထင်ကြီးသလား၊
သူတို့ကိုပဲ အထင်ကြီးတာလား၊ အဲ့ဒါ ခွဲခြားပြီးသိဖို့လိုပါတယ်။
အဲဒီတော့ အခု ချမ်းသာနေပြီးတော့ သူတော်ကောင်းများ၊ ပညာရှိများက မလေးစားဘူး၊
အထင်မကြီးဘူး၊ ရှုတ်ချမယ်ဆိုလို့ရှိရင် ချမ်းသာရကျိုး လုံးလုံး မနပ်ပါဘူး။
ပိုက်ဆံကိုပဲ ကြည့်နေလို့ မဖြစ်သေးဘူး။
ပိုက်ဆံရရင် ပြီးရော ဘာလုပ်ရ လုပ်ရ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ဟာ လူမိုက်စိတ်ဓါတ်ပါ။
ပညာရှိစိတ်ဓါတ် မဟုတ်ပါဘူး။ (လက်ခုပ်သံများ)
ဒါကြောင့် ကလေးတွေကို ပိုက်ဆံရှိတဲ့ လူတွေကို အားမကျဖို့ သင်ပေးပါ။
ဒီလူတွေ ပိုက်ဆံရှိတာတော့ ဟုတ်ပါပြီ။
ပိုက်ဆံအပြင် ဘာရှိလဲလို့ အဲဒါလည်း မေးရဦးမယ်။
ဂုဏ်သိက္ခာ ရှိသလား၊
အကျင့်စာရိတ္တ ကောင်းသလား၊
ပညာရှိသလား
ဒါဟာ ကျွန်မ အနေနဲ့ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။
တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ လူငယ်များဟာ ပိုက်ဆံရရင် ပြီးရော၊
ဘာဖြစ်ဖြစ် လုပ်ချင်တယ် ဆိုတဲ့ စိတ်ဓါတ်တွေ ဖြစ်နေတယ် ဆိုတာ
ဒီမနက်ပဲ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုမှ ကျွန်မ ဖတ်လိုက်ရတယ်။
အဲဒီဟာ လူငယ်များဆိုတာ ၁၅ နှစ်၊ ၁၆နှစ် ဆယ်ကျော်သက်အရွယ်တွေဟာ
ပိုက်ဆံရရင် ပြီးရော၊ ဘာလုပ်ရ လုပ်ရ ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်နေတာကြောင့်
ရာဇဝတ်မှုတွေ များနေတယ်ဆိုပြီးတော့ အိန္ဒိယနိုင်ငံက အမျိုးသမီးကြီးတစ်ယောက်က
ဒီလိုပဲ ပြောတာ ဖတ်လိုက်ရပါတယ်။ ဒီတော့ ဒါ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။
နိုင်ငံတကာမှာ ဒီပြဿနာတွေ ကို ရင်ဆိုင်နေရပါတယ်။
ပိုက်ဆံမှ ပိုက်ဆံ ဆိုတဲ့ စိတ်ဓါတ်တွေ၊ အဲဒီစိတ်ဓါတ်တွေဟာ
ကျွန်မတို့ နေ့ချင်း ညချင်းတော့ ပြောင်းလို့ရမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ပိုက်ဆံ မရှိသော်လည်း ပစ္စည်း မရှိသော်လည်း
ပညာရှိလို့ ရှိရင် အကျင့်စာရိတ္တ၊ သိက္ခာရှိရင် လူရာဝင်တယ် ဆိုတဲ့ အနေအထား
ဖြစ်အောင်လို့ ကျွန်မတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ပုံလေးရော စာရောသဘောကျလို့ယူလာတာ
မူရင်းတင်သူကို credit ပေးပါတယ်..NweLay

မြစ်ဆုံဆည်၏ ဆိုးကျိုးများ

AirAsia

အထူးလျှော့ဈေးကို ရယူလိုက်ပါ!!
ရန်ကုန် / မန္တလေး မှ --> ဘန်ကောက်သို့ တိုက်ရိုက်
ရန်ကုန်မှ --> ကွာလာလမ်ပူသို့ တိုက်ရိုက်
ခရီးစဉ်တစ်ကြောင်းလျှင်အနိမ့်ဆုံး USD 36 မှစ၍ ကြိုတငှ်ယ်ယူနိုင်ပါပြီ
ကြိုတငှ်ယ်ယူရမည့်ကာလ : ယနေ့မှစ၍ ွ၀ှဿ၉ ဇန္နဝါရီ ၀၇ ရက် နေ့အထိ
ခရီးသြားရမည့္ကာလ : ၀ှဿ၉ ႀသဂုတ္လ ဿ ရက္ေန့မွ ၀ှ၀ှ ဖေဖောှ်ါရီလ ၄ ရက် နေ့အထိ
အခြားသော စည်းကမ်းသတ်မှတ်ချက်များ လိုက်နာရန်လိုအပ်ပါသည်။
>>> အခုလူတိုင်းပျံသန်းနိုင်ပါပြီ<<<
https://www.facebook.com/AirAsiaMyanmar/videos/2148009215458406/
ဈေးသက်သာမှုကတော့ @airasia.com မှာသာရရှိနိုင်ပါတယ်။

ကြိုက်တာ ကိုရွေးစမ်း ကိုယ့်လူ

(ကြိုက်တာကိုရွေးစမ်းကိုယ့်လူ)
တောထဲကကျားတွေကိုလိမ္မာအောင်
ဆပ်ကဆရာတွေက ဖမ်းလာပီးပီးချင်း
အစာမကြွေး ရေးမပေးဘဲထားလိုက်တယ်
ခွန်အားချိနဲ့သွားတော့မှ အစားနဲနဲကြွေးပြီး
ဆပ်ကမှာသုံးဘို့ လိုအပ်သလိုသင်ပေးပါတယ်
အစာဝ ခွန်အားပြည့်နေတဲ့ကျားခြင်္သေ့ဟာ
ဘယ်လိုမှဆုံးမသင်ပေးလို့မရနိုင်ပါဘူး
ဒီလိုပါဘဲ တချို့ပြောဆိုမရတဲ့သူများကို
အဆက်သွယ် အထောက်အပန့်မပေးဘဲ
ဖြတ်တောက်မှ အခက်ခဲကြုံတွေ့စေပြီးမှ
ပြောဆိုဆုံမရလွယ်ကူပါလိမ့်မယ်
ဒါလေးလည်းသတိထားစေချင်လို့ပါ
တချို့မိဘများ သားသမီးများကို အလိုလိုက်
လွန်းတော့ပြောဆိုဆုံးမ မရတဲ့အခါမှာ
ဆပ်ကဆရာနည်းလေးသုံးဘို့ အကြံပြု
လိုပါတယ် ဘာကြောင့်လဲ?????
ကိုယ်အသက်ကြီးလာရင် သူတို့တွေလိမ္မာမှ
အိမ်ပါမှာလေ ကိုတွေမလုပ်နိင်မကိုင်နိုင်တဲ့
အချိန် သူတို့ကဆိုးပေကောင်းနေတုန်းဆို
ကိုတွေ နေရေး သေရေးခက်နိုင်လို့
သတိပေးရေးသားရချင်းပါ
လိမ္မာတဲ့သူတွေလည်းရှိပါတယ်
သူတို့ကြတော့ချော့ခိုင်းရမှာပေါ့
အသိမှတ်ပြုပေး နေရာပေး သတိပေးပေါ့
တချို့ကြတော့ ချော့မရ ချောက်မရတာတွေလဲ
ရှိပါတယ် အဲဒီသူတွေကြတော့လည်း
အချိန်ကဆုံးမသွားပါလိမ့်မယ်
တချို့ကြတော့ အရွယ်ကဆုံးမတယ်လေ
ငယ်ဉ်တုန်းကဘယ်လောက်အပျော်အပါးမက်မက်
ရဇာဟိုင်းလာတော့ ပျော်ချင်လည်းမရတော့တာ
အရွယ်ကဆုံးတာပါဘဲ
မိတ်ဆွေလည်းဘယ်ဆုံးမနည်းကြိုက်ပါသလဲ
ဆပ်ကဆရာနည်း
အချော့ အချောက်
အချိန် အရွယ် ဒီနည်းတွေနဲ့မဆုံမရဘဲ မိမိဖါသာ
အချိန်မီပြုပြင်တာအကောင်းဆုံးပါဘဲလေ။
(စာတစ်လုံးကြောင့်အဆုံးမကင်းလိမ္မာနိုင်ကြပါစေ)
Aung San Win

လူမိုက်ကိုအရင်ရှောင် ပညာရှိကိုနောက်မှပေါင်းတဲ့

လူမိုက်ကိုအရင်ရှောင် ပညာရှိကိုနောက်မှပေါင်းတဲ့
လူမိုက်နဲ့အရင်ပေါင်းမိပီးရင် ပညာရှိစကားမတိုးတော့ဘူး။


အောင်မြင်ဖို့အတွက် အလိုအပ်ဆုံးကဘာလဲ ?


အောင်မြင်ရေး ၊ အောင်မြင်မှု ဤစကားလုံး စကားစုလေးများကို လူသားတိုင်း လူသားတိုင်း အလိုရှိတောင့်တကြသည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ကမ္ဘာဦးအစ ပေထက်အက္ခရာ စတင်နိုင်ကတည်းက ယင်းအောင်မြင်မှုအတွက် နည်းနာနိဿများကို အစဉ်တစိုက် သုတေသနပြုလေ့လာ လက်ဆင့်ကမ်းလာကြသည်မှာ ယနေ့ မျက်မောက်ခေတ်ကာလအထိ။ သို့ဆိုပေမယ့် ယနေ့အချိန်ထိ အောင်မြင်မှုအတွက် လောက်လောက်လားလားပြစရာ တိကျသည့်နည်းနာပုံသေနည်းဟူ၍တော့ လက်ဆုပ်လက်ကိုင်မပြနိုင်ကြသေး။
အစဉ်အောင်မြင်ရေး Expert ဂုရုကြီးများကတော့ လူသားတယောက် လူပုဂ္ဂိုတယောက် အောင်မြင်တိုးတက်ရေးအတွက် အချိန်ကိုစနစ်တကျ သုံးစွဲရေး ၊ ဇွဲလုံးလ၀ီရိယရှိရေး ၊ ရည်ရွယ်ချက် ရည်မှန်းချက်ထားရှိရေး စသည်ဖြင့် အက်ကြောင်းထပ်အောင် ဓါတ်ပြားဟောင်းကြီးများကို ထပ်တလဲလဲဖွင့်ပြခဲ့ကြသည်။ သို့သော် အမှန်စင်စစ် လက်တွေ့ကမ္ဘာတွင်မူ အဆိုပါသဘောတရားများကို မလိုက်နာကြဘဲနှင့် အောင်မြင်နေကြသူ အများအပြားရှိနေကြသည်ဖြစ်ရာ ယင်းဂုရုကြီးများ၏ အောင်မြင်ရေးသဘော တရားသီအိုရီများမှာ မေးခွန်းထုတ်စရာများဖြစ်လာခဲ့ပေသည်။
ထိုသို့သော အခြေနေမျိုးတွင် အောင်မြင်ရေးဆိုင်ရာ ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစောင်ဖြစ်သည့် Success Magazine ကြီးမှ ခေတ်အောင်မြင်ရေး သဘောတရားသီအိုရီများကို စနစ်တကျသုတေသနပြုလုပ်ပြီး ရဲရဲဝံ့ဝံ့ထုဖော်တင်ပြလာခဲ့သည်။ ယင်းအောင်မြင်ရေးသဘောတရားသစ်များ (၀ါ) ခေတ်သစ်ကမ္ဘာကြီးတွင် အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအရာများမှာ –
၁– မိမိမထိန်းချုပ်မပြုပြင်နိုင်သော အခြေနေမျိုးတွင် မိမိ၏တုန့်ပြန်ဆောင်ရွက်မှုကို အကောင်းဆုံးဖြစ်အောင်ထိန်းချုပ်ပါ။
၂– သေးငယ်သောကိစ္စရပ်လေးများမှ စတင်လုပ်ဆောင်အောင်မြင်ပြီး မိမိကိုယ်အား လှုံ့ဆော်ပေးပါ။
၃– ကျဆုံးမှု ၊ ရှုံးနိမ့်မှုများမှ စနစ်တကျသင်ယူပြီး အောင်မြင်မှုဆီကို အားမန်အပြည့်ဖြင့် ပြန်လည်ချီတက်ပါ။
၎– ကြီးကြီးသေးသေး အခွင့်အရေး အခွင့်အလမ်းဟူသမျကို အမိအရ ရယူပါ။
#အောင်မြင်မှုသို့လမ်းမများစာအုပ်မှ
လင်းသိုက်ညွန့်(မြန်မာ့မြေ)

ကြီးပွါးကြောင်း (၇) ရပ်

ကြီးပွါးကြောင်း (၇) ရပ်
+++++++++++++++++
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)
.......
ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)
8de122a13d558ba15ea178dd0cd177a2/2b60180b2c6dcfd3abf42bed215c00d5">Mobile Payments by Fortumo

စောင်နှင့်ထဘီမှားနေသူ

စောင်နှင့်ထဘီမှားနေသူ
----------------------------
လွှတ်တော်ကို မြင်းကြီးစီးလာတဲ့ ဝန်မင်းညိုမြကို
“အလိုဗျာ ဝန်မင်း … မြင်းမကြီး စီးလာရသလား” လို့ ဝိုင်းနောက်ကြတယ်
ဒီတော့မှ ဝန်မင်းက မြင်းပေါ်ကဆင်း၊ အမြီးကိုလှန်ကြည့်
“အဲဒါပဲဗျ … အိမ်က ကောင်တွေ သောက်သုံးကို မကျ … ဘာဖြစ်လို့ ဒီနေ့မှ မြင်းမကို ပြင်ပေးလိုက်သလဲ မသိဘူး … ခက်တော့တာပဲ”
ဝန်မင်းညိုမြ ဒီလိုပါပဲ ကိုယ်စီးနေတဲ့မြင်း အထီးမှန်း … အမမှန်းကို မသိတာ။
ဒါတင်လား မဟုတ်သေးဘူး။ ရန်သူတွေနှိမ်နင်းမယ်ဆိုပြီး မြင်းဇောင်းထဲက မြင်းကို ရွေးခိုင်းတော့လည်း
“ဟဲ့ … ဟိုမြင်း ဝဝကြီးကိုယူခဲ့” လို့ အမိန့်ပေးတာ
“မှန်လှပါ ဝန်မင်းဘုရား … အဲသည်မြင်းက ကိုယ်ဝန်ကြီးနဲ့ပါဘုရား” လို့လျှောက်မှ
“မင်းတို့ကလည်း ကိုယ်ဝန်ရှိရင် ခွဲထားရောပေါ့” လို့ ပြောသတဲ့
အဲဒါကို ဝန်မင်းတွေက နောက်နေကြတာ။ ဟုတ်တယ်။ ဝန်မင်းညိုမြ ကိုယ့်ဇောင်းထဲက မြင်းတွေကို အထီးမှန်း၊ အမမှန်း ခုထိမသိတာတော့အမှန်။
ညကလည်းကြည့်
“ဝန်ကတော် … နေ့ပူလို့ညချမ်း တပေါင်းလ သရမ်းလှသကွယ်” တဲ့
ဝန်ကတော်က
“အလိုတော် … ရှင့်နှယ် ခုမှ ပြာသိုလပဲရှိသေးတယ်ရှင့်”
“ဟုတ်လား … ငါက အေးလွန်းလို့ ပြောတာပါကွယ်”
ဝန်မင်းညိုမြကို ဘာပြောလိုက် ပြောလိုက် ဆင်ခြေလေးနဲ့
“ကိုရင် … အိမ်က မိတုတ် ခါးလေးတွေ တုတ်လာ … မသင်္ကာလို့ ပေါင်တွင်းကြောလိမ်ဆွဲ … အတင်းပဲမေးမှ … ကိုယ်ဝန်ရှိနေသတဲ့တော့”
“ဟေ … ဟုတ်လား”
“အဲသာ … ဘယ်သူနဲ့မှန်းလည်း မေးမရ … တွေးဆပါဦးရှင့်”
“မေးမနေနဲ့ … မြင်းတော်ထိန်း မောင်မှုံနဲ့ အမြန်ဆုံးစီစဉ်လိုက်”
“မောင်မှုံက ယူမှာလား”
“ဒီကောင် ငြင်းရင် လည်ပင်းကို ဓားတင်မကွယ်”
“ရှင်ပဲ … မေးပါ … ဘယ်သူ့ကိုယ်ဝန်လဲဆိုတာ”
“အလိုကွယ် ငါ့အိမ်တော်ထဲမှာ ယောက်ျားတွေအများကြီး တစ်ယောက်ယောက်နဲ့ မှောက်မှားတာနေမှာပေါ့ … ပြောမနေနဲ့ … အိပ်မယ်”
မိုးလင်းတော့
“ချမ်းလိုက်တာ မီးများ ထွက်လှုံဦးမှ”
ဝန်မင်းညိုမြ အိမ်တော်ထဲကထွက်လာ ခြံထဲကိုဆင်း မီးလှုံဖို့ပြင်တယ်။
ချမ်းလွန်းလို့ ပခုံးပေါ်မှာ ရှောစောင်လေးပတ်ပြီး မတ်တတ်ရပ်မီးလှုံ။
အိမ်တော်ကျွန်တွေက ပြုံးစစ
“ဟဲ့ ဘာများလဲ မောင်မင်းတို့”
အားလုံး သူ့နားက ထွက်ပြေးကြတယ်။
လမ်းပေါ်ကလူတွေလည်း ဒီအချိန် ဈေးသွားချိန်ဆိုတော့ လူစည်စပြုပြီ။ အိမ်တော်ရှေ့က ဖြတ်သူတိုင်း ဝန်မင်းကို ကြည့်ပြီးတော့ ပြုံးစိစိ
“အလို သည်နေ့ ထူးခြားလှပေါ့ … လူတွေ ပြုံးနေတာပဲ။ အင်းလေ တိုင်းပြည်ကြီး ငြိမ်းချမ်းပြီ ဆိုမှတော့ ပြုံးနိုင် ကြပြီပေါ့”
ဝန်မင်းညိုမြ ကြံဖန်ပြီး ဂုဏ်ယူနေတာ
အဲသည်အချိန်မှာ ဆရာတော်ဘုရားနဲ့ နောက်ပါ သံဃာတော်တွေ ဆွမ်းခံတန်းကြွလာ
“ဟဲ့ မယ်မင်း … ဆရာတော်ဘုရားများ ကြွလာပြီ … တယ် ဝီရိယနည်းတာကိုး … မြန်မြန်လာပါဟ”
ဝန်ကတော်ကြီးက ဆင်းလာ … ဝန်မင်းကိုတွေ့လိုက်တော့ ပါးစပ် အဟောင်းသား။ ဒါပေမဲ့ ဆရာတော် ဘုရားက အိမ်ရှေ့ရောက်လာ
“ရပ်တော်မူပါဦးဘုရား”
ဆရာတော်ဘုရားက ဝန်မင်းညိုမြကို ကြည့်လိုက်ပြီးတော့
“ဒကာကြီး”
“ဘုရား”
“ချမ်းသလား”
“ချမ်းလွန်းလို့ တပည့်တော် အစောကြီးကတည်းက မီးလှုံနေရပါတယ်ဘုရား”
“အင်း … သီလခြုံမှ လုံသကွယ့်”
“မှန်လှပါ … ဒါပေမဲ့ ဆောင်းကိုတော့ ဘာခြုံခြုံ အေးတာပါပဲဘုရား”
ဝန်ကတော်ကြီးက
“အလိုတော် … ကညိုမြ”
“ဘာလဲဟ”
“ရှင့်ကို မပြောချင်လို့ ကြည့်နေတာ … ရှင်ခြုံထားတာ ဘာကြီးလဲ ကြည့်လိုက်”
“ငါ့ရှောစောင် ချမ်းလွန်းလို့ ခြုံထားတာ ဘာများလဲကွယ်”
အဲသည်တော့မှ ဝန်မင်းက ရှောစောင်ပတ်ထားတာကို ခွာကြည့်
“အလို … ထဘီကြီးပါလား”

လူတွေက ဟားနေပြီ။ ဆရာတော်တောင် ပြုံးစိစိ
“အမလေး ကောင်းကြသေးရဲ့လား အရပ်ကတို့ … ထမီချင်းအတူတူ ကျုပ်ထဘီဆိုရင် မပြောပါဘူး … ခုတော့ ရှင်ခြုံထားတာက မိတုတ်ထဘီရှင့်”
(သင်္ဂဇာဆရာတော်ဘုရားကြီးဟောကြားသည့် စောင်ခြုံမှားသော ဝန်မင်းအကြောင်း သတိရကာ စိတ်ကူး ဇာတ်လမ်းဆင်ပါသည်)
တင်ညွန့်
Tin Nyunt
၂၁.၁.၂၀၁၉

ဖိုးသူတော် ဦးနု ဆုံးမစာ


၁။ မျက်စိမြင်ချင်လို့  ငရဲမီးမခတ်နှင့်lလက်ရှိလင်ကို သရဲ
ကြီးမှတ်နှင့် မျက်စိမြင်ချင်လို့  ငရဲမီးခတ်တော့ မျက်လုံး
အိမ်မှာ ကွဲတတ်သည်။လက်ရှိလင်ကို သရဲကြီးမှတ်တော့
တသက်လုံး အိမ်ထောင်ပျက်တတ်သည်။
၂။ ဇီးပြားကိုလည်း အပိုမကြိုက်နဲ့ l ရည်းစားကိုလည်း အလို
မလိုက်နှင့် l ဇီးပြားကို အပိုကြိုက်တော့ သွားတွေကြိမ်း
လို့  ဝမ်းပျက်မယ်။ ရည်းစားကို အလိုလိုက်တော့ အမှား
တိမ်းလို့  ပန်းပျက်မယ်။
၃။ လိမ္မော်သီးစိမ်းတာလည်း မစားနှင့်l အချိန်မတော်ကြီး
ချိန်းတာလည်း မသွားနှင့် l လိမ္မော်သီးစိမ်းတာစားတော့
ချဉ်ဖန်ဖန်နဲ့  ခါးတတ်တယ်။ အချိန်မတော်ကြီး ချိန်း
တာသွားတော့ ရည်ငံမှုနဲ့  မှားတတ်သည်။
၎။ အလိုကြီးလို့ ငွေရှာမလောနှင့်ဒုက္ခရတတ်ပွေတတ်တယ်။
အကိုကြီးအရွယ်မို့  မေကညာမရောနှင့် မုတ်ချအရှက်ကွဲ
တတ်တယ်။
၅။ ငွေရှိတိုင်းလည်း အရမ်းမကြွားနှင့် l လှောင်ရယ်မှုနှင့်ကဲ့
ရဲ့ မယ်။ အမေမသိတိုင်းလည်း လမ်းမသလားနှင့် အောင်
သွယ်ကောင်းလို့ ညားတတ်တယ်။
၆။ တဲအိုနားလည်း ထမင်းအိုးမတည်နှင့် မတော်တဆမီး
လောင်မယ်။ ခဲအိုနားလည်း အပျင်းကြောမဖြေနှင့် 
မတော်ခဏ ပျက်ကြမယ်။
၇။ ခရီးမောလို့  မြက်ပုံမလူးနှင့် မြက်မွှေးဆူးလို့  ယားတတ်
တယ်။ သမီးချောလို့  သမက်ကုန်မကူးနှင့် သမက်က
လေးတွေများတတ်တယ်။
၈။ အလှအဆန်းအရမ်းထွင်တော့ သူများတကာကဲ့ရဲ့ မယ်။
နှမအခန်းအရမ်းဝင်တော့ ယောက်ဖလောင်းနှင့် တွေ့ 
တတ်တယ်။
၉။ ဆံပင်ကိုကောက်တော့ ငှက်သိုက်ပမာ ရှုပ်တတ်တယ်။
လင်ကို ဟောက်တော့ နောင်ကျိန်ချလို့  ကွဲတတ်တယ်။

ဘွဲရပြီး ဘာလုပ်မယ်

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက တက္ကသိုလ်က ဘွဲရပြီးခါကသူတွေမဖြစ်မနေလုပ်ရမယ့် အချက် (၁၂) ချက်ဆိုပြီးဖေါ်ပြထားပါတယ်။ ကျွန်တော်တို့ဆီက ဘွဲ့ပြီးတဲ့သူတွေအတွက်အသုံးဝင်နိုင်တဲ့အချက်(၉)ချက်ကို ဆီလျော်သလိုပြန်ဆိုပေးလိုက်ပါတယ်။
(၁) အသုံးကြတန်ဘိုးရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေရှာပါ
.
■ လူငယ်တော်တော်များများဟာ ဘွဲ့ရတာနဲ့ အလုပ်ရတာကိုလည်းတဆက်တည်းစဉ်းစားလေ့ရှိကြတယ်။ တကယ်တော့ တက္ကသိုလ်ကပေးတဲ့ ပညာဆိုတာ၊ ဘယ်လို အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ်မှာ ရပ်တည်ရမယ်ဆိုတာကို ညွန်ပြရုံလောက်ပဲလို့ဆိုတယ်။ အဲဒီပညာရပ်တစ်ခုကို တကယ့်လောကထဲမှာရပ်တည်နိုင်ဖို့ကြတော့ သပ်သပ်ဖြည့်ဆည်းလေ့လာကြရတယ်။
တကယ့်လောကထဲကို ဝင်တော့မယ်ဆိုရင် သိထားသင့်တာက အလုပ်ရှင်ဆိုတာ အလုပ်လုပ်လိုချင်တဲ့သူ (ဘွဲ့ရပြီးစလူငယ်) ဆီကလုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ယူတာပဲဖြစ်တယ်။ အဲဒီလိုတန်ဘိုးတစ်ခုခုပါအောင်၊ ကိုယ့်ရဲ့ Credibility နဲ့ Value ကိုတည်ဆောက်ကြရတယ်။
ဒါကြောင့် တက္ကသိုလ်တက်နေစဉ်ထဲက Volunteering အလုပ်တွေအခွင့်သင့်တဲ့အခါ လုပ်ရင်း ကိုယ့်ရဲ့ တကယ့်စွမ်းဆောင်နိုင်ရည်တွေ၊ လိုအပ်ချက်တွေ သိအောင်လုပ်ရင်းထပ်ဖြည့်ဆီးလေ့လာသင်ယူသင့်တာတွေ သင်ယူဖို့ပြင်ဆင်ကြရတယ်။
(၂) အမှားတွေလုပ်ပါ၊ ပြီးတော့ အဲဒီကနေ သင်္ခန်းစာယူပါ။
.
■ ယဉ်ကျေးမှုနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ခေတ်ကြောင့် ဒီကလူငယ်တော်တော်များများဟာ အမှားလုပ်မိမှာကြောက်တတ်ကြတယ်။ ဘဝမှာ အရာရာ ဟာ အသစ်တွေကြီးပဲ။ စွန့်စားမှုမပါတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ဒီဘက်ခေတ်ထဲမှာ လူငယ်တွေ ရပ်တည်ရှင်သန်ဘို့မလွယ်ကြတော့ဘူး။ ဘွဲ့ရပြီးကာစလူငယ်တစ်ယောက်အနေနဲ့ စွန်းစားရမှာပဲ၊ အမှားတွေတွေ့မှာပဲ၊ အဲဒီကလေ့လာသင်ယူပြီးရှေ့ဆက်ခြင်းဟာသာ အကောင်းဆုံးသင်ယူခြင်းလို့ဆိုတယ်။
(၃) ကိုယ့်ကိုယ် ကောင်းရာညွန်ပြတဲ့ လေးစားရသူ၊ ဒါမှမဟုတ် ဆရာ ကိုရှာဖွေပါ
.
■ မိဘပိုက်ဆံသုံးကျောင်းတက်တာပြီးလို့ ကိုယ့်ပိုက်ဆံကိုယ်ရှာရတော့မယ့်လောကထဲဝင်တဲ့အခါ သိပ်ရှုပ်ထွေးလွန်းလှပါတယ်။ ကိုယ့်ကိုယ်စိတ်ကောင်းစေတနာကောင်းတွေနဲ့ လမ်းညွန်တွဲခေါ်မယ့်သူ၊ ကိုယ်ရဲ့လိုအပ်ချက်တွေကို စိတ်ရှည်စွာထောက်ပြတည့်မတ်ပေးနိုင်မယ့်သူတွေလိုပါတယ်။ ကိုယ့်လျောက်ရမယ့် ဘဝလမ်းမှာ ကိုယ်လေးစားအတုယူရမယ့် သူတစ်ယောက်ရှိခြင်းဟာလည်း ကိုယ့်ရည်ရွယ်ချက်ရည်မှန်းချက်ကိုသွားတဲ့အခါ ပိုလွယ်ကူစေပါတယ်။ ကျောင်းသင်္ခန်းစာမှာ မပါတဲ့ဘဝအတွေ့အကြုံတွေ လမ်းညွန်မှုတွေကို သူတို့ဆီက သင်ယူနိုင်ပါတယ်။
(၄) အလုပ်ပတ်ဝန်းကျင်မှာအဆင်ပြေဖို့ Soft Skills တွေကိုမြှင့်တင်ပါ
.
■ ဘွဲ့ရတာ၊ အတတ်ပညာတစ်ခုခု တတ်မြောက်တာကို Hard Skills တွေရပြီလို့ဆိုကြပါတယ်။ တကယ့်လုပ်ငန်းခွင်မှာ အဆင်ပြေပြေရပ်တည်ရှင်သန်နိုင်ဖို့၊ Negotiations, Listening, Persuasion, Presentation, Public Speaking စတဲ့ Soft Skills တွေဟာလည်း အခယာကြပါတယ်။ တက္ကသိုလ်မှာ စာတွေ သိပ်တတ်သိပ်တော်နေပေမယ့်၊ လူတွေနဲ့ မပေါင်းတတ်၊ မသင်းတတ်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ကျောင်းမှာတုန်းကလိုတသီးတခြားနေဖို့ အဆင်မပြေနိုင်တော့ပါဘူး။
ပညာရပ်တွေမှာ သိပ်မတော်တဲ့သူတွေတောင် ဒီလို Soft Skills တွေကို ကျွမ်းကျင်လို့ အဆင့်တစ်ခု နေရာတစ်ခုကို ရောက်သွားသူ၊ ရောက်နေသူတွေပတ်ဝန်းကျင်မှာအများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်လိုအပ်ချက်တွေကိုသိအောင်ကြိုးစားပါ။ Soft Skills တွေဖြည့်ဆည်းပါ။ လိုအပ်တဲ့နေရာတွေမှာတိုးတက်အောင်လုပ်ထားပါ။
(၅) ရယူဖို့ ကိုယ်ကအရင်ပေးပါ (Give to Get)
.
■ ဘွဲ့ရသွားတဲ့ လူငယ်တွေ အလုပ်ရှာတဲ့ အခါ၊ အင်တာဗျူးတွေလုပ်တဲ့အခါ တော်တော်များများမေ့နေတတ်ကြတာက၊ အလုပ်ရှင်ဟာ ကိုယ်ဆီကဘာရမလဲ၊ ကိုယ်ကဘာပေးနိုင်မလဲဆိုတာ အရင်ကြည့်တတ်ကြတယ်ဆိုတာပါ။ လူငယ်အများစုကတော့ ကိုယ်ရနိုင်တာတွေကိုပဲ အရင်ကြည့်တတ်ကြပါတယ်။ လခဘယ်လောက်လဲ၊ ဘာခံစားခွင့်တွေရမလဲ လို့ အင်တာဗျူးတွေမှာ မေးမြန်းရင်း ကိုယ်ဘာလုပ်ပေးနိုင်လဲဆိုတာ ပြောဖို့မေ့သွားတတ်ကြပါတယ်။
ဘွဲ့ရပြီးကာစ လုပ်ငန်းခွင်ထဲသွားမယ့်သူပဲဖြစ်ဖြစ်၊ ရေရှည် လောကထဲမှာ အသက်မွေးဝမ်းကြောင်းမှုတစ်ခုခုနဲ့ ရပ်တည်မယ့်သူပဲဖြစ်ဖြစ်၊ကိုယ့် ကအရင်လောကကြီးကို ပေးရမယ်ဆိုတာ အမြဲသတိရပါ။ ကိုယ်အကောင်းဆုံးပေးဆပ်နိုင်လေလေ လောကကြီးဆီက ပြန်ရဖို့ကြိမ်းသေလေပါပဲ။
(၆) သင့်တင့်လျောက်ပတ်စွာ (အလုပ်နဲ့ လျော်ညီစွာ) ဝတ်စားဆင်ရင်ဖို့ကြိုးစားပါ
.
■ မြန်မာစကားပုံမှာတောင်းမှာအကွပ် လူမှာအဝတ်လို့ရှိပါတယ်။ ဘွဲ့ရပြီးလူငယ်တစ်ယောက်ဟာ သာမာန်လူတစ်ယောက်မဟုတ်တော့ပါဘူး။ ကိုယ့် Professional နဲ့ လိုက်လျောညီထွေအောင် ဝတ်စားဖို့လည်းလိုပါသေးတယ်။ ဒီနေရာမှာ ဈေးကြီးတာတွေ၊ Brand တွေကိုပြောတာမဟုတ်ပါဘူး။ အလုပ်ပတ်ဝန်းကျင် သဘောသဘာဝနဲ့ကိုက်ညီစွာဝတ်စားဆင်ရင်ဖို့ပြောတာပါ။
(၇) စဉ်းစားတွေးခေါ်ပုံနဲ့ ရည်မှန်းချက်ကိုပြောင်းပါ (Switch your focus)
.
■ ဆိုလိုတာက ကျောင်းသားတုန်းကတော့ အရာရာဟာ ကိုယ့်အတွက်ပါ။ ကျောင်းသင်္ခန်းစာတွေလေ့လာတယ်၊ လေ့ကျင့်ကျက်မှတ်တယ် ဆိုတာ ကိုယ့်အကြိုးအတွက်ပါ။ အပြင်လောကထဲရောက်ထဲက မှာတော့ ဒီအတွေးအခေါ်ကိုပြင်ဖို့လိုပါလိမ့်မယ်။ အလုပ်ရှင်ဆိုတာ သူအတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲ အရင်ကြည့်ပါလိမ့်မယ်။ လုပ်ငန်းခွင့်ထဲမှာ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရတာ ဦးစာပေးရတာတွေလည်းရှိလာပါလိမ့်မယ်။ လူငယ်တော်တော်များများ အလုပ်မှာ အဆင်မပြေဖြစ်ကြတာ ဒီအချက်ကြောင့် အများကြီးပါတယ်ဆိုပါတယ်။
(၈) စိတ်ရှည်သီးခံတတ်ဖို့ လေ့ကျင်ယူပါ
.
■ လူတစ်ယောက်ဟာ တစ်သက်မှာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ရမှာဆိုတော့၊ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်စရိုက်တွေမှာ ရေရှည်အလုပ်လုပ်နိုင်ဖို့၊ ကိုယ်လိုချင်တဲ့ ကိုယ့် အသက်မွေးဝမ်းကြောင်းမှုပန်းတိုင်ကို ရောက်ဖို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စိတ်ရှည်သီးခံတတ်ဖို့လိုပါတယ်။
တစ်ချို့ လူတော်တွေ ဖြစ်လျက်သားနဲ့ စိတ်မရှည်သီးမခံနိုင်မှုတွေကြောင့် လမ်းခုလပ်မှာပဲ ရပ်တန့်သွားခဲ့ရတဲ့သူတွေအများကြီးရှိကြပါတယ်။
(၉) ဘဝတသက်လုံးလေ့လာသင်ယူဖို့ လေ့ကျင့်ပါ
.
■ အနာဂါတ်မှာ ဘယ်လိုအလုပ်အကိုင်တွေဖြစ်လာမယ်၊ ဘယ်လိုအလုပ်အကိုင်တွေပျောက်သွားမယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ တကယ်လို့ ကိုယ့်လေ့လာသင်ယူထားတဲ့အသက်မွေးဝမ်းကြောင်းမှုဟာ တစ်ချိန်ချိန်မှာ ခေတ်မမှီတော့ဘူး၊ လူတွေမသုံးကြတော့တဲ့ ပညာရပ်ဖြစ်သွားမယ်ဆိုရင် ခေတ်နဲ့ လိုက်လျောညီထွေစွာ ရှင်သန်နိုင်ဖို့ အသစ်ပညာတွေ လေ့လာသင်ယူဖို့လည်း အသင့်ပြင်ဆင်ထားရပါမယ်။ အနာဂါတ်ကို ဘယ်သူမှ တိတိကျကျမခန့်မှန်းနိုင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ အမြဲမပြတ် လိုအပ်နေတဲ့ ပညာတွေသင်ယူနေဖို့ မျက်ခြေမပြတ်သင့်သလို၊ ပြောင်းလဲလာမဲ့ အနာဂါတ်နဲ့ ကိုယ့် နဲ့ ကိုက်နေအောင် အသစ်ပညာတွေကို လေ့လာဆည်းပူးနိုင်ဖို့လည်း အသင့်ဖြစ်နေသင့်ပါတယ်။
(Forbes မှ အချက်များကို ဆီလျော်သလိုဘာသာပြန်သည်)

သင့်လျှော်ရာ ကိုက်ညီရာ

သင်တုန်းဓားဆိုတဲ့ အမျိုးက ထက်သလား မမေးနဲ့၊ ထက်ထက် ထက်ထက်ကို နေတာပေါ့။ ဒါပေမယ့် ဆံပင်၊ မုတ်ဆိတ်ရိတ်ဖို့လောက်ပဲ၊ သစ်ပင်ခုတ်ဖို့တော့ မတက်နိုင်ဘူးပေါ့။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
ပုဆိန်ကတော့ ထက်လည်းထက်တယ်၊ အားလည်းရှိ သန်လည်းသန်မာတယ်။ ဒါပေမယ့် သစ်ပင်ပဲ ခုတ်လို့ ကောင်းပါတယ်၊ ခေါင်းရိတ်ဖို့အတွက်တော့ အဆင်မပြေဘူးရယ်။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
ဒီလိုပါပဲ၊ လူတိုင်း လူတိုင်းဟာလည်း မတူကွဲပြားပေမယ့်၊ ထက်မြက်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတာပါ။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
အဲ့ဒီ ထူးချွန်မှု၊ ထက်မြက်မှုတွေကို သင့်လျှော်ရာ ကိုက်ညီရာတွေမှာ အသုံးချနိုင်အောင်၊ တန်ဖိုးရှိလာအောင် ဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်အကြံပေးရတာကတော့ ကျွန်တော်တို့လို လူတွေရဲ့ အဓိက တာဝန်တခုပေါ့ !!!


ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ

=====================
ဆိုင်တစ်ဆိုင်မှာ အဓိက အရေးကြီးတာဟာ
ရောင်းအားပါပဲ
ရောင်းအားတက်လာတာနဲ့အမျှ Overhead တွေ
ကျပြီး ကိုယ့်အတွက်အမြတ်ကျန်ပါလိမ့်မယ်
Overhead ဆိုတာက Fix ဖြစ်နေတဲ့
ကုန်ကျစရိတ်တွေဖြစ်ပါတယ်
ဥပမာ ဆိုင်ခန်းခ ဝန်ထမ်းလခ အခွန်အခ
စသည်ဖြင့်ပေါ့
ရောင်းအားကျတာနဲ့ အမျှ ဆိုင်ရှင်ပေါ်ကို
ဒီဝန်ထုတ်ဝန်ပိုးက ပိလာပါလိမ့်မယ်
ဆိုင်ရောင်းအား တက်ဖို့ အခြေခံအကျဆုံး
အချက်သူံးချက်က
1. Food Quality
2. Menu Setup
3. Service တို့ဖြစ်ပါတယ်
ဒီနေရာမှာတော့ ကျနော့ ကိုယ်တွေ့ တွေထဲကနေ
သိမှတ်မိသမျှကိုဖလှယ်မှာဖြစ်တာကြောင့်
အကျဉ်းရုံးပဲပြောပါမယ်
တကယ်က ပြောရင်အကျယ်ကြီးဖြစ်နေမှာပါ
ဆိုတော့ ပထမဆုံး Food Quality
စားသောက်ဆိုင်တစ်ဆိုင်ဟာ အပြင်အဆင်
ဘယ်လောက်ကောင်းနေနေ
Marketing Plan ကြီး ဘယ်လောက်လန်ပြန်နေနေ
ကိုယ့်ရဲ့ထုတ်ကုန်ဖြစ်တဲ့
အစားအသောက်အရည်အသွေးမကောင်းရင်
အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိပါဘူး
Food Quality ဆိုတဲ့နေရာမှာ
အရေးအကြီးဆုံး ပုဂ္ဂိုလ်က Chef ပါပဲ
ကျနော်တို့ ဆိုင်ရှင်တွေက တခါတခါ Chef အတွက်
ပိုက်ဆံကုန်ခံရမှာကို သိပ်နှမြောတတ်တယ်
အကုန်အကျနည်းအောင် ဈေးသက်သာတဲ့
Chef တွေကို လိုက်ရှာတတ်ကြတယ်
တကယ်က ကိုယ့်တဆိုင်လုံးရဲ့
အသက်သွေးကြောထဲက တစ်ခုကို ကိုင်မယ့်
သူဟာ လစာကောင်းကောင်း ပေးထားသင့်ပါတယ်
ဒါမှလည်း အရည်အချင်းပြည့်ဝတဲ့ စားဖိုမှူး သို့မဟုတ်
Kitchen Manager တစ်ယောက်ကို
ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
Chef ကောင်းကောင်း ဘယ်လိုရှာမလဲ
ဒီအရည်အချင်းသုံးချက်နဲ့ ကိုက်ညီတဲ့ Chef ကိုရှာဖွေပါ
တစ် လက်ဆိပ်ရှိပြီး လက်ရာမှန်တဲ့သူ
နှစ် အလေအလွင့် ကို အနည်းဆုံးဖြစ်စေသူ
သုံး ဆိုင်ကို ကိုယ်ဆိုင်လို သဘောထားတဲ့သူမျိုးကိုရှာပါ
ဒါမျိုး ရှာရခက်မယ်လို့ထင်ပေမယ့် ဆိုင်ရှင်ဘက်က
တုန့်ပြန်မှုနဲ့လည်း အများကြီး သက်ဆိုင်နေတတ်ပါတယ်
ကျနော်က တော့ အမြဲ အစမ်းခန့်ကာလ သတ်မှတ်ပြီး
သာမာန်လစာရဲ့ သုံးပုံနှစ်ပုံပေးပြီး တစ်လအစမ်းခန့်လေ့
ရှိပါတယ်
တစ်လအတွင်း မှာ မျက်စိဒေါက်ကြည့်ပြီး
ကြိုက်ရင်အလုပ်ဆက်ခန့်ပြီး
မကြိုက်ရင်မကြိုက်ကြောင်း ပြောပြပြီး လမ်းခွဲပါတယ်
အရည် အချင်းကောင်းတဲ့ Chef တွေဟာ
ဥပမာ ဟင်းပွဲအသစ် သို့မဟုတ် Today Special လို
ဟာမျိုး အတွက် အမြဲစဉ်းစားနေတတ်တယ်
ဒါပေမယ့် ထုတ်လာတဲ့ဟင်းပွဲကလည်း
item အသစ်တွေဝယ်စရာမလိုပဲ ဆိုင်မှာ
လူစားနည်းနေတဲ့ အသားငါးကိုပဲ
အသစ်ဖြစ်အောင်ပြုပြင် ပြင်ဆင်ပြီး
အထူး ဟင်းလျာဖြစ်အောင်လုပ်ပေးတတ်တယ်
Menu ကို အမြဲ ပြောင်းလဲဖို့ စိတ်ကူးနေတယ်
ဘယ်ဟင်းပွဲက ရောင်းရတယ်
ဘယ်ဟင်းပွဲကတော့ မထွက်ဘူးဆိုတာကို
စနစ်တကျ ယူထားတတ်တယ်
စသည်ဖြင့် ကြည့်ရှုနိုင်ပါတယ်
Chef ပြီးရင် ဒုတိယက ဈေးဝယ်တဲ့ source ပဲ
တတ်နိုင်သမျှ ရေခဲရိုက်အသားကိုရှောင်ပါ
ဆိုင်မှာလည်း အများကြီးဈေးပေါလို့ ဝယ်ပြီး
လှောင်ပြီး ခဲထားတာမျိုးကိုရှောင်ပါ
အသားကောင်းကောင်း
ဟင်းသီးဟင်းရွက် လှလှကောင်းကောင်းကို ရွေးသုံးပါ
တန်ရာတန်ကြေးကို ယူပါ
Quality ကောင်းတဲ့ ဟင်းတစ်ပွဲကို စားသုံးသူက
တကယ်ပေးပြီး စားတတ်ပါတယ်
ဈေးပေါတိုင်းရောင်းအားတက်တာမဟုတ်ပါ
ကိုယ်ပေးတာနဲ့ စားရတာနဲ့တန်ရင် Customer က
လာတာပါပဲ
ဆိုတော့ ကိုယ်နဲ့ အတူ Grow Together ဖြစ်မယ့်
Chef ကိုရှာပါ
ပစ္စည်းကို ဈေးပေါတာထက်တန်ပြီးကောင်းတဲ့
ပစ္စည်းမျိုးကို သုံးပါ
Quality မပြည့်မှီဘူးဆို မနှမြောနဲ့လွှင့်ပစ်ပါ
နံပါတ်နှစ် Menu Setup
ဒီနေရာမှာ လည်း Chef ကအရေးကြီးသလို
ကိုယ်တိုင်ဦးဆောင်နေတဲ့ဆိုင်ရှင်ကလည်း
သိပ်အရေးကြီးပါတယ်
ကိုယ့်ဆိုင်ရဲ့ trend ကိုကိုယ်သိရမယ်
ဥပမာ
တရုတ်အစားအစာဆိုပြီး မြန်မာထမင်းဟင်းတွေတွဲ
မရောင်းရဘူး တွဲချင်ယိုးဒယားစာမျိုး တွဲလို့ရတယ်
ချစ်တီးထမင်းဆိုင်ဆိုပြီး
သဘောင်္သီးထာင်းခေတ်စားလို့ဆိုပြီး
တွဲရောင်းလို့မရဘူး
Customer က ကိုယ့်ဆိုင်ရဲ့ specialize ဖြစ်တာကို
ခေါင်းထဲဆွဲနေဖို့လိုတယ်
ဆိုတော့ Menu Setup လုပ်တဲ့အခါ
ပထမဆုံးက ကိုယ်ဆိုင်ကဘာပုံစံသွားမလဲဆိုတာကို
ရွေးချယ်ရမယ်
ပြီးရင် ကိုယ့် Chef က
ဘာတွေတကယ်ကောင်းတာလဲဆိုတာကိုသိရမယ်
ဒါမှ အကောင်းဆုံးအရသာကို ပေးနိုင်မှာဖြစ်တယ်
ဒုတိယအနေနဲ့မှာ
Menu ဟာ ပြွတ်သိပ်ကြပ်ညပ်နေဖို့မလိုဘူး
Customer ကိုခေါင်းရှုပ်အောင်မလုပ်ရဘူး
မကောင်းလိုက်ကောင်းလိုက် ဟင်းပွဲတစ်ရာထက်
တကယ်ကောင်းတဲ့ ဟင်းဆယ်ပွဲပဲပါတဲ့ Menu က
ပိုပြီး effective ဖြစ်တယ်
ဒုတိယပိုင်း
Menu setup မှာ
အပိုင်းပိုင်းခွဲခြားထားရမယ်
ပုံမှန်စားသောက်ဆိုင်တစ်ခုရဲ့ Menu တွေကတော့
ဒီပုံစံလာတယ်
Breakfast
Appetizer
House Special
Main Course
Soup
Vegetables and salads
Drinks
Dessert
ဆိုပြီး အဆင့်ဆင့်သွားပေးရတယ်
Appetizer ဆိုတာက
အစာပြေ အမြည်း စာလေးတွေကိုခေါ်တာဖြစ်ပြီ
House special ကတော့
ကိုယ့်ဆိုင်ရဲ့ best seller item တွေကိုဆိုလိုတယ်
Menu setup မှာလျို့ဝှက်ချက်ကတော့
Customer ကို ခဏစောင့်နေရတုန်းမှာ
အဆင့်ဆင့် စားနိုင်အောင်စီစဉ်ပေးတာပါပဲ
ဟင်းပွဲကြီးတွေမှာထားတုန်းမှာ
Appetizer Menu တွေကို ရှေ့ထုတ်ပေးတာဟာ
စောင့်နေရင်း အစာပြေစားဖို့ပါ
အဲ့ဒီထဲမှာ ကိုယ်က item တစ်ခုကို
ရောင်းချင်တယ်ဆိုရင်
တခြား item အသစ်တစ်ခုကို ထုတ်ပြီး
ဈေးခပ်မြင့်မြင့်တင်ထားပြီး ယှဉ်ပြထားရတယ်
ဒါမှ ကိုယ်ရောင်းချင်တဲ့ item ကို
ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ရောင်းထွက်မှာဖြစ်တယ်
နောက်ပြီး menu ကစာအုပ်လိုမဟုတ်ပဲ
ကတ်ပြားလိုက်ကြီးဆိုရင်
ကတ်ပြားရဲ့ ညာဘက်အပေါ်ဆုံးဒေါင့်ကွက်ဟာ
လူကြည့်အများဆုံး အကွက်ဖြစ်တာကြောင့်
ဈေးကြီးပြီး ကိုယ့်အတွက်လည်းကျန်မယ့်
ဟင်းပွဲမျိုးတွေက်ုဖော်ပြထားသင့်တယ်
ဘယ်ဘက်ထောင့် အောက်ဆုံးကွက်ဟာ
လူကြည့်အနည်းဆုံးဖြစ်တာကြောင့်
သိပ်အားမပါလှတဲ့
လက်ဘက်ရည်ကော်ဖီဆိုတာမျိုးကို ထားသင့်တယ်
တခြားပြောစရာတွေအများကြီးပါပဲ
အဲ့တော့
ဟင်းပွဲနည်းနည်းနဲ့ စနစ်တကျစီစဉ်ထားတဲ့
Menu ဟာ ပုံနေဘလပွနဲ့ လုပ်ထားတဲ့ Menuထက်
ပို effective ဖြစ်တယ်ဆိုတာသိကြရမယ်
ကိုယ့်chef ကို Menu ကို
သုံးလ သို့မဟုတ်ခြောက်လမှာ
တစ်ခါ Renew ပြန်လုပ်ဖို့ ပြောရမယ်
နောက်ဆုံး ပြောစရာအများဆုံး နဲ့ အကျယ်ဆုံး
အပိုင်းကတော့
Service ပဲ
စားပွဲထိုးတွေကို အရည်အချင်းပြည့်အောင်
အလုပ်ကိုလေးစားတတ်အောင် သင်ကြားပေးရမယ်
၁ Menu ကို သိရှိနားလည်အောင် သင်ပေးတာမျိုး
၂ ယူနီဖောင်းကို အကုန်အကျခံပြီး ကောင်းအောင်
ဆင်ပေးတာမျိုး
၃ Bonus ကို တစ်ဦးချင်းစီမယူစေပဲ မျှမျှတတခွဲဝေ
ပေးတာမျိုး
၎ နေ့စဉ် Briefings ပေးတာမျိုး လုပ်ကြရမယ်
Menu ထဲကအစားအသောက်တွေကို ချက်ပြီး
စားပွဲထိုးတွေကိုပါမြည်းခိုင်းပါ
ဒါမှ သူက Customer တွေကို
ပြန်ပြောပြတတ်မှာဖြစ်တယ်
ဘာလေးကတော့စားကောင်းတယ်
ဘယ်လိုလေးတွဲစားရင်လိုက်ဖက်တယ်ဆိုတာမျိုး
ပြောပြတတ်လာပါလိမ့်မယ်
Customer ကလည်း
အဲ့ဒီလိုဂရုစိုက်ခံရတာကိုကြိုက်ပါတယ်
ယူနီဖောင်း
အလုပ်တစ်ခု မှာ အဲ့အလုပ်ပေါ်ကို
ဂုဏ်ယူစေလောက်တဲ့ ယူနီဖောင်းဟာ
အမြဲလိုအပ်တယ်
စမတ်ကျကျ ချုပ်လုပ်ပေးထားတဲ့
ယူနီဖောင်းနဲ့စားပွဲထိုးဟာ ပေတီပေစုတ်မဝတ်ရဲဘူး
ကိုယ့်ဆိုင်လည်း ဂုဏ်မငယ်ဘူး
ထို့အတူ စားသုံးသူကိုယ်တိုင်လည်း
စိတ်သန့်တယ်လေ
နောက်တစ်ခုကတော့ Unity ပေါ့
အဲ့လိုစည်းလုံးတဲ့စိတ်ကလေးလည်းဖြစ်သွားစေတယ်
ဒါဟာ ဆိုင်ရဲ့ image တစ်ခုပဲ
Bonus
စားပွဲထိုးတွေအချင်းချင်းသွေးကွဲကြတာက
Tip ရတယ်မရဘူးကစတာပဲ
အဲ့ဒီကနေစားပွဲလုကိုင်တာ သူ့စားပွဲဆို
ငါကဝင်မကူဘူးဆိုပြီး
Team work ပျက်စီးတာဟာ အဲ့ဒီကစတာပဲ
မန်နေဂျာကို သေချာပြောပြီး tip ကို Tip Jar တစ်ခု
လုပ်ထားပြီးစုထားပါ ပြီးလို့ လကုန်ရင်
အားလုံးအညီအမျှခွဲယူပါ
Briefing မှာလည်းထည့်ပြော ပါ
ဒီလိုလုပ်တာဟာ ညီညွတ်စေချင်လို့
ဒီ tip ဟာ
သူတစ်ယောက်တည်းကောင်းလို့မဟုတ်ဘူး
အားလုံး က ဘေးက ပံ့ပိုးလုပ်ကိုင်နေလို့
ရတာဖြစ်တယ်ဆိုတာနားလည်အောင်ပြောပါ
Team work မိမိချိတ်ဆက်နိုင်အောင်
ကိုယ်က တည့်မတ်ပေးပါ
Briefing
ဒါဟာ အရေးကြီးတဲ့ထဲပါပါတယ်
တစ်ချို့ကလည်း Briefing ဆိုတာ တန်းစီပြီး
ဆူရတယ်လို့ထင်တယ်
မဟုတ်ပါဘူး
Briefing ဆိုတာ တစ်ရက်စာ
အဆင်ပြေမှုမပြေမှုတွေကို ပြောဆ်ုတိုင်ပင်တာ
ချီးမွမ်းသင့်တာ ကိုချီးမွမ်းတာ
ဆုံးမသင့်တာကို နားဝင်အောင်ဆုံးမတာဖြစ်ပြီး
လုပ်ကိုလုပ်ရမယ့်အရာတွေကို
နေ့စဉ်နားဝင်အောင်ရိုက်သွင်းတာသာဖြစ်တယ်
Briefing ပေးတဲ့ဆိုင်နဲ့ မပေးတဲ့ဆိုင်ဟာ
အကျိုးသက်ရောက်မှုသိပ်ကွာတယ်
ပြီးတော့ ဒီအချိန်ဟာ စာပွဲထိုးအားလုံးနဲ့ ကိုယ်နဲ့ရဲ့
တစ်ခုတည်းသော မပျက်သင့်တဲ့ communication ပဲ
ပြီးတော့ အရေးအကြီးဆုံး က kitchen ရော
အရှေ့ service ရောကို သင့်လျော်သော Bonus
ခံစားခွင့်ကိုပြောပြထားပါ
ပြောပြရင်း တကယ်ထိရောက်ရင်လည်း
တကယ်ပေးပါ ဒါအရေးအကြီးဆုံးပါပဲ
ဝန်ထမ်းဟာဝန်ထမ်းဆိုပေမယ့်
ကိုယ်နဲ့ Grow together ဖြစ်အောင်ဆွဲဆောင်ပါ
ဒါကိုယ့်အရည်အချင်းပါပဲ
ပြောရင်တော့ အကျယ်ကြီးပါ ဒါပေမယ့်
ဒီအနှစ်ချုပ်အချက်ကလေးတွေ ပြင်ဆင်နိုင်မယ်ဆို
သင့်ဆိုင်ဟာ ရောင်းအားသိသိသာသာ
တက်လာပါလိမ့်မယ်
စာကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
ဆိုင်ပိုင်ရှင်များ ဒီထက်ရောင်းအားတက်ပြီး
အောင်မြင်ကြပါစေ
#Credit Aung Kyaw Moe