Friday, September 28, 2012

အခြား အသွင်တူပြဿနာများ ၂

ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးနှင့် ကျောင်းစောင့်ကပ်ပီယ တစ်ဦးသည် လမ်းလျောက်ရင်း စကားပြောနေကြသည်။ သူတို့သည် လူသုံးရောက် လာနေသည်ကိုမြင်သည်။ ကပ်ပီယကြီးက ‘‘သူတို့အသက် ဘယ်လောက်တွေရှိကြမလဲ’’ ဟုမေးသည်။  ထိုအခါ ဘုန်းတော်ကြီးပြန်ဖြေသည်မှာ ‘‘ သူတို့ အသက်များ မြှောက်ရင် ၂၄၅၀ ရတယ်။ သူတို့ အသက်တွေ ပေါင်းလိုက်ရင် မင်း အသက်နှစ်ဆ နဲ့သွားညီတယ်။’’ ကပ်ပီယကြီးက  ခဏစဉ်းစားပြီး ပြန်ပြောသည် ‘‘အချက်အလက် ဒီထက်ပိုပြီး လိုမယ်ထင်တယ်’’။ ဘုန်းတော်ကြီးက ‘‘ မှန်တာပေါ့လို့ အံ့ဩတဲ့ အမူအရာနဲ့ သူတို့ထဲက တစ်ဦးတစ်ယောက်မှ ငါ့ထက် အသက်မကြီးဖူးကွ’’ ဟုပြောလိုက်သည်။ ကပ်ပီယကြီးက သူတို့ အသက်တွေကို ပြောလိုက်နိုင်တယ်။ ကိုင်း အဲဒီလူတွေရဲ့ အသက်တွေက ဘယ်လောက်တွေလဲ။

အခြား အသွင်တူပြဿနာများ ၂ အဖြေဆွေးနွေးချက်

ယခုပြဿနာကို ဖြေရှင်းရသည် မှာ ပြီးခဲ့သော အခန်းမှ ပြဿနာဖြင့် ဆင်တူသည်။  ပထမ ကိန်း ၃ လုံး မြှောက်လဒ်သည် ၂၄၅၀ ဖြစ်သည်။ ထိုကိန်းလုံးတို့ ပေါင်းရမည်။ ၆၄ ရသည့် ကိန်းလုံးများမှာ (50, 7, 7) နှင့် (10,49,5) တို့ဖြစ်သည်။ ကပ်ပီယကြီး ‘‘သူတို့ထဲက တစ်ဦးတစ်ယောက်မှ ငါ့ထက် အသက်မကြီးဖူးကွ’’ ဆိုတဲ့စကားကြောင့် ပြဿနာကို အဖြေရှာနိုင်တာပါ။ ဘုန်းတော်ကြီးသည် အသက် ၅၀ ဖြစ်ရမည်ဖြစ်ပြီး လူသုံးယောက် အသက်သည် (10,49,5) ဖြစ်မည်။ ဘုန်းတော်ကြီးသည် အသက် ၅၁ ထက်ကျော်နေရင်လည်း အဖြေသည် မှန်နေဆဲပါဘဲ။

No comments:

Post a Comment