Monday, January 21, 2019

အမေ

***** အမေ *****

ဇမ္ဗူတိုင်းမှာ အဖြေညှိရ ရင်
အပူလှိုင်းဖြာဝေဒနိကတွေနဲ့

လူတိုင်းဟာ အမေရှိကြပါတယ်။
မရေ မရာ ပဟေဠိတွေကြောင့်

အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။

ချစ်သဒ္ဓါဝေကဲ
ပြည့်တန်အမေလည်း အမေ

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေ လည်း အမေ

အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ……

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွါးအထွေ

စိန်ရွှေ ပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ

ပေးနိုင်မှ အမေ မဟုတ်။
ယိုင်နဲ့နဲ့ တဲအတွင်း

လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်းတစ်ဖဲ့စီဝေ

ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့အတူတူ

ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့

ခြင်ကိုက်သွေးလှူအတူတူ
ကြမ်းပိုးသွေးလှူ အတူတူ

အပူကိုမျှဝေ
ဒုက္ခကို ပိုမို လေးနက်စေ

ပညာအမွေရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ

မေတ္တာ အကြင်နာမှ တပါး
အခြားပေးစရာ အထွေထွေ မွဲသော်လည်း

အမေဟာ အမေ ပါပဲလေ။ ။(အောင်လှိုင်ထွန်း)
…… ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ……
…………… ချင်းတွင်း အရှင် ………

No comments:

Post a Comment