Monday, January 21, 2019

Facebook မှာ Like များဖို့ထက် အရေးကြီးသည့် အချက် ၇ ချက်

၁. Identify Your Identity
သင်ဘယ်သူလဲ? သင်ဘာကို ကိုယ်စားပြုသလဲ? သင်ဘာကို ကိုယ်စားမပြုဘူးလဲ? သင့် Page ရဲ့ Identity အရေးကြီးပါတယ်။ အစုံသုပ်လုပ်လို့အဆင်မပြေတော့။
၂. Find Your Flow
သူများ digital marketing လုပ်တိုင်း ကိုယ်လိုက်လုပ်လို့မရဘူး။ ကိုယ့်ရဲ့ ရေစီးကြောင်းကို သိရမယ်။ အားသာချက်။ Talent, Passion, Knowledge & Skill, Character, Purpose and Network. သင့်ရဲ့ Flow ကိုဖော်ပြတဲ့ Page ဖြစ်ရမယ်။
၃. Choose Your Customers
ဒီပေါ်မူတည်ပြီး သင့်ရဲ့ Raving Fans များဟာ ဘယ်သူတွေ ဖြစ်မလဲကိုရှာဖွေ။ လူတိုင်း သင့်အယူအဆတွေကို Ĥeart မထိနိုင်ဘူး။ ဒီတော့ Choose Your Customers က အရေးကြီးတယ်။ PUDOG ပုဒေါ့ - Psychographic, Usage, Demographic, Occasion, Geographic အစရှိသည်ကနေ Target Customers, Service-Available markets တွေရှာ။
၎. Establish Your Enterprise
Personal Branding က အစပိုင်းကောင်းပေမယ့် သင်ကိုယ်စားပြုတဲ့ Company လိုတယ်။ Enterprise Identity ကို Strong ဖြစ်အောင် Strong brand Identity နဲ့ image တည်ဆောက်ဖို့လိုမယ်။
၅. Master Your Market
သင်ဟာ ဈေးကွက်တိုင်းမှာ အောင်မြင်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် သင့်ရဲ့ Niche ကို သိပြီး ဒီ ဈေးကွက်မှာ ဆရာကျရပါမယ်။
၆. Capital gain to Cashflow
ခုနောက်ပိုင်း Media တွေများလာတယ်။ Myanmar Cele Page အလွန် Media ပေါ့။ တချို့တွေက ပြန်ရောင်းဖို့ စဉ်းစားကြတယ်။ ပိုအရေးကြီးတာ positive cashflow ရှိနေဖို့။ လုပ်ငန်းမှာလည်း အလားတူပဲ ကြီးတာသေးတာထက် positive cashflow ရှိပြီး Profit ရှိနေဖို့ အရေးကြီးတာပဲ။ ဒါမှ ရှေ့ဆက်လို့ရမယ်။
၇. Contents that Convert
Cashflow တည်ဆောက်ဖို့ ရေးသားလိုက်တဲ့ contents တွေဟာ Sales Conversion ဖြစ်စေရမယ်။

No comments:

Post a Comment