Monday, January 21, 2019

ဖိုးသူတော် ဦးနု ဆုံးမစာ


၁။ မျက်စိမြင်ချင်လို့  ငရဲမီးမခတ်နှင့်lလက်ရှိလင်ကို သရဲ
ကြီးမှတ်နှင့် မျက်စိမြင်ချင်လို့  ငရဲမီးခတ်တော့ မျက်လုံး
အိမ်မှာ ကွဲတတ်သည်။လက်ရှိလင်ကို သရဲကြီးမှတ်တော့
တသက်လုံး အိမ်ထောင်ပျက်တတ်သည်။
၂။ ဇီးပြားကိုလည်း အပိုမကြိုက်နဲ့ l ရည်းစားကိုလည်း အလို
မလိုက်နှင့် l ဇီးပြားကို အပိုကြိုက်တော့ သွားတွေကြိမ်း
လို့  ဝမ်းပျက်မယ်။ ရည်းစားကို အလိုလိုက်တော့ အမှား
တိမ်းလို့  ပန်းပျက်မယ်။
၃။ လိမ္မော်သီးစိမ်းတာလည်း မစားနှင့်l အချိန်မတော်ကြီး
ချိန်းတာလည်း မသွားနှင့် l လိမ္မော်သီးစိမ်းတာစားတော့
ချဉ်ဖန်ဖန်နဲ့  ခါးတတ်တယ်။ အချိန်မတော်ကြီး ချိန်း
တာသွားတော့ ရည်ငံမှုနဲ့  မှားတတ်သည်။
၎။ အလိုကြီးလို့ ငွေရှာမလောနှင့်ဒုက္ခရတတ်ပွေတတ်တယ်။
အကိုကြီးအရွယ်မို့  မေကညာမရောနှင့် မုတ်ချအရှက်ကွဲ
တတ်တယ်။
၅။ ငွေရှိတိုင်းလည်း အရမ်းမကြွားနှင့် l လှောင်ရယ်မှုနှင့်ကဲ့
ရဲ့ မယ်။ အမေမသိတိုင်းလည်း လမ်းမသလားနှင့် အောင်
သွယ်ကောင်းလို့ ညားတတ်တယ်။
၆။ တဲအိုနားလည်း ထမင်းအိုးမတည်နှင့် မတော်တဆမီး
လောင်မယ်။ ခဲအိုနားလည်း အပျင်းကြောမဖြေနှင့် 
မတော်ခဏ ပျက်ကြမယ်။
၇။ ခရီးမောလို့  မြက်ပုံမလူးနှင့် မြက်မွှေးဆူးလို့  ယားတတ်
တယ်။ သမီးချောလို့  သမက်ကုန်မကူးနှင့် သမက်က
လေးတွေများတတ်တယ်။
၈။ အလှအဆန်းအရမ်းထွင်တော့ သူများတကာကဲ့ရဲ့ မယ်။
နှမအခန်းအရမ်းဝင်တော့ ယောက်ဖလောင်းနှင့် တွေ့ 
တတ်တယ်။
၉။ ဆံပင်ကိုကောက်တော့ ငှက်သိုက်ပမာ ရှုပ်တတ်တယ်။
လင်ကို ဟောက်တော့ နောင်ကျိန်ချလို့  ကွဲတတ်တယ်။

No comments:

Post a Comment